ထန်တလန် စက်တင်ဘာ ၃
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် တာဝန်ရှိသူများက နှာခေါင်းစည်း (mask) တပ်ဆင်ရေး လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက လူစည်ကားနေရာဖြစ်သော ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်တွင် လမ်းသွားလမ်းလာခရီးသွားပြည်သူများကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ မြို့တွင်းလှည့်လည်စိစစ်ရေးကော်မတီမှ တာဝန်ရှိသူ များက အပြင်ထွက်တိုင်း မဖြစ်မနေ နှာခေါင်းစည်း(mask) တပ်ဆင်ဖို့မမေ့ကြရန် အသံချဲ့စက်ဖြင့် နေ့စဉ်အသိပညာပေး ပြောကြားခြင်းနှင့် နှာခေါင်းစည်း(mask) မတပ်ဘဲ သွားလာနေကြသူများကို ယခုဝယ်၊ ယခုတပ်စေခဲ့ကြောင်း သိရသည်။
အဆိုပါနှာခေါင်းစည်း(mask) များ တပ်ဆင်ရေး အသိပညာပေးလှုပ်ရှားမှုကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
မြို့နယ်(ပြန်/ဆက်)