တပ်ကုန်း မေ ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် နွယ်ရစ်ကျေးရွာအုပ်စု၊ ဇရပ်ကြီးကုန်းကျေးရွာတွင်ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ရည်ရွယ်ကာ ဘက်စုံသုံး ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို မေလ ၂ရက်နေ့ နံနက် ၉နာရီခွဲက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ သဟပုညကာရီဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆက်နိုင်ထွန်းက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက် များ ရှင်းလင်းပြောကြားပြီးနောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူလွင်က မိတ်ဆက်စကားနှင့် ဘက်စုံသုံး ဆပ်ပြာဆီပြုလုပ်နည်း လုပ်ငန်းများရှင်းလင်းပြောကြားပြီး၊ သင်တန်းသားများအား သင်တန်းအထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား၊သင်တန်းသူ (၂၀)ဦး တက်ရောက်၍ သင်တန်းကာလမှာ ၂.၅.၂၀၂၂ ရက်မှ ၂၇.၅.၂၀၂၂ ရက်နေ့ထိ သင်တန်းနည်းပြ ဆရာမ ဒေါ်ဖြူဖြူလွင်၊ ဒေါ်မေနှင်းဇော်တို့က စာတွေ့၊ လက်တွေ့များဖြင့် ကိုယ်ပိုင်ထုတ်လုပ်ရောင်းဝယ်နိုင်သည်အထိ သင်ကြားပေးမည်ဖြစ်ပြီး၊ ဇရပ်ကြီးကုန်းကျေးရွာတွင် အိမ်ခြေ (၂၃၃)၊ လူဦးရေ(၁၀၆၆)ဦးရှိပြီး၊တစ်ပိုင်တစ်နိုင်လယ်ယာစိုက်ပျိုးရေး၊ နွားမွေးမြူရေး၊ ဝက်မွေးမြူရေးလုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်းကျောင်းဆောင်ရွက်သည့် ကျေးရွာဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်