သာကေတ မေ ၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ သောက်သုံးရေအခက်အခဲရှိသည့်အမှတ် (၈) ရပ်ကွက်နဝရတ်အောက်(၁)လမ်းရှိ အိမ်ထောင် စု(၃၅)စု၊ မြနန္ဒာလမ်းကျယ်မှ အိမ်ထောင်စု (၁၅)စု၊ မြနန္ဒာ(၁)လမ်းမှ အိမ်ထောင်စု(၅၀)စု၊ မြနန္ဒာ(၂)လမ်းမှအိမ်ထောင်စု (၇၀)စု၊ မြနန္ဒာ (၃)လမ်းမှ အိမ်ထောင်စု(၉၀)စု၊ စုစုပေါင်းအိမ်ထောင်စု (၂၆၀)စုအားမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက် ၈နာရီခွဲ မှညနေ ၃ နာရီအချိန်အထိ မြို့နယ်မီးသတ် တပ်ဖွဲ့မှရေဂါလံ(၃၆၀၀)ဆန့်ရေသယ်ယာဉ်ဖြင့် ရေဂါလံ(၁၀၈၀၀)ဂါလံ၊၄/တောင်ရပ်ကွက်ရှိမဟော်သဓါလူမှုရေး ကူညီမှုအသင်းမှ ရေဂါလံ(၂၄၀၀) ဆန့်ရေသယ်ယာဉ်ဖြင့်ရေဂါလံ (၄၈၀၀)ဂါလံ၊ စုစုပေါင်းရေသယ်ယာဉ် (၂)စီးဖြင့် ရေဂါလံပေါင်း (၁၅၆၀၀)ဂါလံကိုအိမ် အရောက်အခမဲ့ ရေဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါရေဖြန့်ဝေလှူဒါန်းမှုအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးညီညီအောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသူရိန်ဇော်၊ အတွင်းရေးမှူးမြို့နယ် ရဲတပ်ဖွဲ့ရဲမှူး ဇော်ဝင်းထွန်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်သန်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှထွေးတို့မှ လိုက်လံကြည့်ရှု ပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)