ညောင်ဦး မေ ၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ စဉ့်ကူနယ်မြေအတွင်း ယမန်နေ့ည ၈ နာရီအချိန်က မိုးရွာသွန်း လေပြင်းတိုက်ခတ်မှုကြောင့် စဉ့်ကူတိုက်နယ် မြို့ကုန်းရပ်ကွက်အတွင်း လူနေအိမ်များ အမိုးလန်ပျက်စီးခြင်း၊ သစ်ပင်များပြိုလဲခြင်းနှင့် မြို့တွင်းရွှေကူစေ တီတော် စိန်ဖူးတော်မြေခပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် စဉ့်ကူတိုက်နယ် မြို့ကုန်းရပ်ကွက်တွင် ယမန်နေ့ညက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မြို့ကုန်ရပ်ကွက်အတွင်း တည်ထားကိုးကွယ်သည့် ရွှေကူစေတီတော်စိန်ဖူးတော်အထိ(၄၅)ပေ၊ ငှက်ပြောဖူးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်ပါ (၈)ပေခန့်မှာ မြေခပျက်စီးသွားခဲ့ပြီး စိန်ဖူးတော်မြတ်အားဘုရားဂေါပက ဥက္ကဋ္ဌ ဦးညွန့်တင်ထံ အပ်နှံပေးထားကြောင်းသိရပြီး မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ကြမ်းခင်း မြေစိုက်လူနေအိမ် (၄) လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။
အဆိုပါမိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင် ပိနေသည့်နေအိမ်များ၊ အမိုးလန် ပျက်စီးနေသည့် နေအိမ်များအား စဉ့်ကူနယ်မြေမီးသတ်စခန်းမှ တာဝန်ခံ တပ်ကြပ်ကြီးဇော်မျိုးသိန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ စဉ့်ကူနယ် မြေရဲစခန်းမှ စခန်းမှူး ရဲမှူးကျော်မိုးတို့ဦးဆောင်ကာ ကူညီရှင်းလင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်(၄)လုံးနှင့်မြို့တွင်းရွှေကူစေတီတော်၏ စိန်ဖူးတော်မြေခပျက်စီးခဲ့ကြောင်း သစ်ပင်ပိနေသည့်အိမ်များ၊အမိုးလန်ပျက်စီးနေသည့် အိမ်များအား အရပ်ဘက် အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ယနေ့တွင်လည်း ကူညီရှင်းလင်းပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံကသိရသည်။
ကိုထိန်-KPD