သုံးခွမြို့နယ်တွင် ဌာနဆိုင်ရာများပူး‌ပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

သုံးခွ ဧပြီ ၂၉  

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယမန် နေ့ည‌နေ ၄ နာရီအချိန်က အမှတ်(၁)ရပ်ကွက် မင်းရဲကျော်စွာ လမ်းမတစ်လျှောက်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါသန့်ရှင်းရေးပြုလုပ်ရာတွင် သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများပူပြင်း‌ ခြောက်သွေ့သောနွေရာသီကာလတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ ပတ်၀န်းကျင်စိမ်းလမ်းစိုပြေရေး၊ ဌာနဆိုင်ရာရုံးပတ်၀န်းကျင်များ စိမ်းလမ်းသာယာစိုပြေစေရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၀င်(၁)ဗိုလ်မှူးသန့်ဇော်လင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်ဌာနဆိုင်ရာ၀န်ထမ်းများက  တံမြက်စည်းလှည်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

 စည်သူလင်း ပြန်/ဆက်