ကြာအင်းဆိပ်ကြီးမြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းကျင်းပ

ကြာအင်းဆိပ်ကြီး ဧပြီ ၂၉

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ် စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များရရှိပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ် အမြော်အမြင်များရရှိလာစေရေးနှင့် စာအုပ်စာစောင်းများကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့် ကောင်းများ ရရှိလာစေရေးအတွက်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပပြုလုပ် ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါစာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပရာ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း  Book Club  အဖွဲ့ဝင်များမှ  စာရေးဆရာအောင်သင်း ရေးသားသည့် အတွေ့အကြုံနှင့် အတွေးအကြံ ခေါင်းစဉ်ပါစာအုပ်၌ ဆောင်းပါးများဖြစ်သည့် ခွန်အား စွမ်းပကား ကြီးသောသူ၊ အတွေးအမြင်သဘောထားကြီးရင့်မှု၊ လူငယ်ဇွဲနှင့်ကျွန်ပညာ၊ တရားကျခြင်းနှင့်နားချခြင်း၊ စာကြည့်သင်းယဉ်ကျေးမှု စသည့် ခေါင်းစဉ်၊ ဆောင်းပါးများ၏ အကြောင်းအရာများအား စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ တစ်ဦးချင်းစီအလှည့်ကျ ဖတ်ကြားပြီး အဆိုပါဆောင်းပါး၏အဓိပ္ပါယ်ယူဆချက်အကြောင်းအရာများကို Book Club အဖွဲ့ဝင်များမှ မိမိတို့၏ ထင်မြင်ယူဆချက် ထင်မြင်တွေးခေါ်မှုများအား အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး