ဗဟန်းမြို့နယ်၌ နွေရာသီပညာဒါန အခြေခံပန်ချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်

ဗဟန်း ဧပြီ ၂၉

ကျောင်းသားကျောင်းသူ၊ လူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အခြေခံပန်းချီပညာရေးဆွဲနည်းကို ကျွမ်းကျင်စွာ တတ်မြောက် သိရှိနိုင်စေရန်နှင့် ပန်းချီဝါသနာကို မြှင့်တင်ပေးနိုင်ရန်အတွက် ရည်ရွယ်ကာ၊ နွေရာသီပညာဒါန အခြေခံပန်ချီရေးဆွဲနည်း သင်တန်းကို ယ‌နေ့နံနက်(၁၁)နာရီတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တွင် ဖွင့်လှစ် သင်ကြားပေးလျက် ရှိသည်။

အဆိုပါ သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကိုလည်း‌ကောင်း၊ သင်တန်းဆရာ၊ အိုင်ကားဂျာနယ် အယ်ဒီတာချုပ် စာရေးဆရာဝင်းနွယ် (ပုသိမ်) က ပန်းချီပညာအကြောင်းနှင့် သင်တန်းစည်းကမ်းများ အကြောင်းကို ရှင်းလင်း ပြောကြားသည်။

သင်တန်းကို အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့များတွင် နံနက်(၁၁)နာရီခွဲမှ နေ့လယ်(၁)နာရီအထိ နှစ်ပတ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသို့ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၀)ဦး တက်ရောက်‌ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)