နွားထိုးကြီး ဧပြီ ၂၉
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်(၁၅)နှစ် ကြားရှိပြည်သူများကို ပထမ အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီမှစ၍ မြို့နယ် မိခင်နှင့် ကလေးကျန်းမာရေးဌာန၊ သုခချမ်းသာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုအထောက်အကူပြုအသင်းနှင့်ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ Sin0vac အမျိုးအစားဖြစ်ပြီး အသက် (၁၈)နှစ် နှင့် (၁၅)နှစ်ကြားရှိ ပြည်သူ(၇၃၆၂)ဦးလျာထား၍ (၂၅၃၂)ဦး ထိုးနှံပြီးရာ ကျန်ရှိသူ (၂၃၅၅) ဦး ရှိသဖြင့် ၃၃.၆ ရာခိုင်နှုန်း ထိုးနှံပြီးဖြစ်ကြောင်းကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်နှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျန်ရှိနေသေးသည့် ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများကိုလည်း သတ်မှတ်ဦးစား ပေးအုပ်စု အလိုက်ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရသည်။
သန်းအောင်ဇော်