တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ဆဋ္ဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

တောင်သာ ဧပြီ  ၂၉

မန္တလေးတိုင်းဒေသကြီး၊  မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ဆဋ္ဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က စတင်၍ တောင်သာအ.ထ.ကကျောင်း  နဝရတ်ခန်းမနှင့် စုရပ်(၃) နေရာတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆဋ္ဌမအသုတ် ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့တွင်(၂၂)ဦးကို ထိုးနှံပေးပြီး ယနေ့အထိ ထိုးနှံပြီးသူ လူဦး ရေပေါင်း(၄၇၄၀)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်သူရနှင့်  ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါတောင်သာ(အထက)ကျောင်းတွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား ဆဋ္ဌမအသုတ် ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများကိုလည်း ကျန်းမာ ရေး ဝန်ကြီးဌာန၏ သတ်မှတ်ဦးစားပေးအလိုက် နေ့စဉ်ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။             

ကျော်မျိုးနိုင်(တောင်သာ)