တနင်္သာရီ ဧပြီ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန (Community Centre) အတွင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီ အချိန်မှစ၍ နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ကျောင်းသူ/သားများအနေဖြင့် အချိန်ကို တန်ဖိုးရှိစွာ အသုံးချတတ်စေရန်၊ အားကစားကဏ္ဍကို ပိုပိုစိတ်ဝင်စားစေရန်နှင့် မိမိ စိတ်ဝင်စားရာ အားကစားကဏ္ဍအလိုက် လေ့လာလိုက်စာခြင်းဖြင့် ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည် ဖွံ့ဖြိုး အသိဉာဏ်တိုးပြီး မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်ချက်များဖြင့် Fitness Dance အက သင်တန်း(၁/၂၀၂၂)ကို စတင်ဖွင့်လှစ် သင်ကြားပေးကြောင်း သိရသည်။
အဆိုပါ Fitness Dance သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးအရာရှိ ဦးထိန်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ အားကစားမှူး ဒေါ်ပပထွန်းက သင်ကြားပေးမည့် အစီအစဉ်များအားရှင်းလင်းပြောကြားပေးခဲ့သည်။
Fitness Dance သင်တန်းတွင် မြို့နယ်အားကစားနှင့်ကာယပညာဦး စီးဌာနမှ အားကစားမှူး ဒေါ်ပပထွန်းက မြူးမြူးကြွကြွသီချင်းများဖြင့် မူလတန်းနှင့်အလယ်တန်းအဆင့် ကျောင်းသား(၅)ဦး၊ ကျောင်းသူ(၈)ဦး ပေါင်း(၁၃)ဦးတို့အား ဧပြီလ(၂၉ရက်နှင့်၃၀ရက်) (၂)ရက် အကြာ Fitness Dance အက တတ်မြောက်သည်အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း