စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး အသိပညာပေးဆွေး‌နွေး

မန္တလေး ဧပြီ ၂၉

မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ခြင်း၏ အကျိုး ကျေးဇူးများနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါ ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မန္တလေးခရိုင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်ပြီး မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆကိဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက နိုင်ငံ့ဝန်ထမ်းများ စာပေဗဟုသတနှင့် ပြည့်စုံရေးအတွက် စာပေဖတ်ရှုရန် လိုအပ်ပါကြောင်း၊ မြို့နယ်အသီးသီးတွင် ဖွင့်လှစ်ထားရှိသည့် မြို့နယ်ရုံးပြည်သူ့ စာကြည့်တိုက် များတွင် သုတ/ရသစာအုပ်စာပေများကို အခမဲ့အသင်းဝင်၍ ဖတ်ရှုနိုင်ပါကြောင်း၊ (သို့တည်း မဟုတ်)မိုဘိုင်းစာကြည့်တိုက်များဖြင့် စာအုပ်စာပေများကို လာရောက်ဌားရမ်းပေးမည်ဖြစ်၍ အလုပ်ချိန်မပျက် စာပေဖတ်ရှုနိုင်ပါကြောင်း၊ မျိုးချစ်စိတ်ဓာတ်ပြည့်ဝသည့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်‌ကြစေလိုကြောင်းစသည့် အချက်များကို ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် ခရိုင်ရုံးစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပါကြောင်းနှင့် အသိပညာပေးဟောပြောပွဲသို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်း(၁၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)