မိုင်းဖြတ် ဧပြီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကစာအုပ်၊ စာစောင်များ(Mobile Library)စနစ်ဖြင့် ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ငှားရမ်းပေးရာတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးမာနှင့် ဝန်ထမ်းများက သုတစာပေ(၅၀)၊ ရသစာပေ (၁၀၀) သယ်ဆောင်၍ သုတ၊ ရသစာပေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများသို့ (အခမဲ့) ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းသည် စာဖတ်ပရိတ်သတ် များအနေဖြင့် မအားလပ်၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ မလာနိုင်သော်လည်း စာပေများကို လွယ်လင့်တကူငှားရမ်းဖတ်ရှုနိုင်စေဖို့ ယခုကဲ့သို့ စာဖတ်ပရိတ်သတ်များ လက်ဝယ်အရောက် ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)