ဝမ်းတွင်း ဧပြီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အသက်(၆၅)နှစ် အထက်ရှိသူများနှင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာစုရပ်များ၊ နေအိမ်များ အရောက်ကွင်းဆင်းထိုးနှံခြင်းနှင့် မြို့အဝင်ဂိတ်၌ ခရီးသွားပြည်သူများအား ထိုးနှံပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုလိုCovid19ရောဂါ ကာကွယ်ဆေးများရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာများအရောက်ထိုးနှံပေးခြင်း၊်သတ်မှတ်ထားသောစုရပ်များနှင့်မြို့အဝင်ဂိတ်တို့၌ထိုးနှံပေးရာတွင်မြို့ ပေါ်ရပ်ကွက်/ကျေးရွာအုပ်စုများရှိ အသက်(၆၅)နှစ်အထက်ရှိသူများ၊ ဒေသခံ ပြည်သူများနှင့်ခရီးသွား ပြည်သူများအား ကိုဗစ်၁၉ရောဂါကာကွယ်နိုင်ရေး အတွက်ကျန်းမာ ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက် စာရင်းများရေးသွင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီသူများကို ကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီး ဝမ်းတွင်း မြို့နယ်အနေဖြင့်ယမန်နေ့ကAstra Zeneca First Dose Phase.9 အဖြစ်(၃၀)ဦး၊ Sinopharm First Dose Phase.9အဖြစ်(၈၂)ဦး၊ Covidshield Second Dose Phase.8 အဖြစ်(၇၅၉)ဦး၊ BoosterDoseCovaxin(၁၀)ဦး၊ စုစုပေါင်းပြည်သူ(၈၈၁)ဦးအားကာကွယ် ဆေးများ ထိုးနှံပေးခဲ့ ကြောင်းသိရသည်။
ဝမ်းတွင်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေးအတွက် သက်မှတ်ထားသော ဆေးထိုးစုရပ်များအပြင် မြို့အဝင်ကျန်းမာရေးစစ်ဆေးဂိတ် ဖွင့်လှစ်၍ထိုးနှံပေးခြင်း၊ နေအိမ်များအရောက် ကွင်းဆင်း၍ထိုးနှံပေးခြင်းများကို အရှိန်ဟုန် မြှင့်ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးထိုးလုပ်ငန်းများအောင်မြင်စေရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးဦးနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနဌာန ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ စေတနာလုပ်အားရှင်များနှင့် ဒေသခံပြည်သူများက ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုရဲ(ဝမ်းတွင်း)