တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၄/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ထားဝယ်  ဧပြီ  ၂၆

တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၄/၂၀၂၂) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ ကထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးအစည်း အဝေးခန်းမ၌ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲမှုနှင့်လယ်ယာမြေစီမံခန့်ခွဲမှုများတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲမှုများတွင် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲမှုများတွင်အလေးထားဆောင်ရွက်ပေး ရန်လိုအပ်ကြောင်း၊ လယ်ယာမြေနှင့်အခြားနည်းသုံးစွဲခွင့်များတွင်လာရောက်လျှောက်ထားသူများအနေဖြင့်စီစစ်ရန် လိုအပ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် လယ်ယာမြေနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ အတွင်းရေးမှူး တိုင်းဒေသကြီးလယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဆန်းလင်းဦးမှ လယ်ယာမြေစီမံခန့်ခွဲမှု ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဆွေးနွေးချက်များအပေါ် လမ်းညွှန်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 တိုင်းဒေသကြီး(ပြန်/ဆက်)