လွိုင်လင်၌ စိုက်ပျိုးရေးနည်းပညာပေးသင်တန်းဖွင့်

လွိုင်လင် ဧပြီ ၂၆

စိုက်ပျိုးရေးဦးစီးဌာနသည် ဒေသတွင်းစားသုံးဆီဖူလုံစေရန်ရည်ရွယ်၍  နေကြာသိုက်တောင်သူ များအား နေကြာစနစ်တကျစိုက်ပျိုးနည်း ပညာပေးသင်တန်းကို ယနေ့ နံနက်(၉) နာရီက လွိုင်လင်မြို့နယ်၊  မတ်လန်းကျေးရွာဘက်စုံသုံးခန်းမတွင် ပြုလုပ်သည်။

အဆိုပါသင်တန်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်အေးမို့မို့ထွန်းက သင်တန်ဖွင့်လှစ်ပေးရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ သင်တန်းပို့ချပေးခဲ့သည်။သင်တန်းကို သင်တန်းသား/ သင်တန်းသူ ၄၀ ဦးတက်ရောက်ကြသည်။ ယင်း‌နောက် ပန်ဝိုးကျေးရွာအုပ်စု နှင့် တောင်နောက်ကျေးရွာမှ နေကြာစိုက်စံပြကွက် ဧက ၂၀ အတွက်နေကြာမျိုးစေ့များ ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူးထံမှသိရသည်။

လွိုင်လင်မိုး