စဉ့်ကိုင် ဧပြီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအတွင်း ကိုဗစ်-၁၉ရောဂါ လျော့နည်းကျဆင်းစေရေးနှင့် ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက်ယနေ့ နံနက်(၁၀)နာရီကစဉ့်ကိုင် ပြည်သူ့ဆေးရုံနှင့်စုရပ်အလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှ၀န်ထမ်းများ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ပညာရေးဌာနမှ၀န်ထမ်းများ၊ မီးသတ် တပ်ဖွဲ့၀င်များ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၀င်များ၊ ပရဟိတအသင်းအဖွဲ့၀င်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်းကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့၀င်များနှင့်ပူးပေါင်းပြီး Omicron အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးကို သတိပြုကာကွယ်ရန်နှင့် ကူးစက် ပြန့်ပွားမှု မဖြစ်စေရေး၊ ကြိုတင်ကာကွယ် တားဆီးနိုင်စေရန်နှင့် ရောဂါကူးစက်မှုလျော့နည်း စေရေးအတွက် ပြည်သူများသိရှိလိုက်နာစေရန်၊ အသံချဲ့စက်မျာ ၊ Hand Spaker များဖြင့် လှည့်လည်ပြီး အသိပညာပေး နှိုးဆော်ခြင်း၊ ဒေသန္တာရ စည်းကမ်းချက်များ၊ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အတိုင်းလိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်း အသိပညာပေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိပြီး ဧပြီလ(၂၅) ရက် နေ့အထိ First Dose (၈၅၇၄၁)ဦး Second Dose (၇၁၀၂၆)ဦးနှင့် Third Dose(Booster Dose) (၁၄၄၇)ဦး၊ ရာခိုင်နှုန်းအားဖြင့် (၁၀၁.၀၉%) အား ထိုးနှံပေးပြီးဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးနှံခြင်း မရှိသေးသူများကိုလည်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ညိုညိုဝင်း