အောင်မြေသာစံ ဧပြီ ၂၆
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ ဒေါ်ဖီဓမ္မာရုံတွင် အသက်(၁၈) အထက်ပြည်သူ ၉၁ ၃ ဦး၊ ဒေါနဘွားရပ်ကွက်ရှိ မုန်တိုင်းဓမ္မာရုံတွင် ၆၂၇ ဦး၊ ပြည်ကြီးရန်လုံ ရပ်ကွက်ရှိ ကိုးခန်းဓမ္မာရုံတွင် ၁၅၁၈ ဦး၊ ပြည်ကြီးကျက်ရေ အနောက်ရပ်ကွက်ရှိ ရွှေကျီးနား ဓမ္မာရုံတွင် ၁၁၀၀ ဦး၊ ထားဝယ်ဓမ္မာရုံတွင် ၂၉၇ ဦး၊ စုစုပေါင်း ၄၄၅၅ ဦး ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ဆေးထိုးနှံပေးမှုတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်ခင်လေးဝါ၊ သားဖွားဆရာမ ဒေါ်အိုင်းရစ်လေးနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့ရာ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဦးစီးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။
မြို့နယ်(ပြန်/ဆက်)