မိုင်းရယ်မြို့နယ် Community center ခန်းမ တွင် အခြေခံပန်းချီသင်တန်းနှင့် အခြေခံ အင်္ဂလိပ်စာသင်တန်းဆင်းပွဲပြုလုပ်

မိုင်းရယ် ဧပြီ  ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်‌မြို့နယ်တွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ အဖြစ် အခြေခံပန်းချီသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်း သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် (၁၁)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ community center ခန်းမ၌ ပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး၊ဦးစီးအရာရှိ ဒေါ်ခင်မာလာက လူငယ်များအတွက် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အကျိုးရှိစေမည့် အခြေခံပန်းချီ သင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်းကို ဖွင့်လှစ်ပေးခဲ့တာဖြစ်ကြောင်း ပြောကြားပြီး အခြေခံပန်းချီသင်တန်း တက်ရောက်သည့် ကျောင်းသား/သူများကို ဆု လက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး အခြေခံအင်္ဂလိပ်စာသင်တန်းတွင် သင်ကြားခဲ့သည်များကို လက်တွေ့ပြောဆိုယှဉ်ပြိုင်ပြီး အကောင်းဆုံးပြောနိုင်ခဲ့သည့် ကျောင်းသား/သူများကို ဆုများပေးအပ်ခဲ့ပါသည်။

အဆိုပါ အခြေခံပန်းချီသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်းကို ၂၁.၄.၂၀၂၂ ရက်နေ့မှ ၂၅.၄.၂၀၂၂ရက်နေ့ထိ ဖွင့်လှစ်ပေးခဲ့ပြီး လူငယ်များ ကျောင်းပိတ်ရက်များတွင် ဗဟုသုတများ တိုးပွားစေရန်အတွက် သင်တန်းများ၊ ပြပွဲ၊ ပြိုင်ပွဲများကို လစဉ်ပြုလုပ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)