ခရမ်းမြို့နယ်တွင် မိန်းမ၀တ် အင်္ကျီညှပ်နည်းသင်တန်းကျင်းပ

ခရမ်း ဧပြီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် women clubတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်၉နာရီအချိန်က မိန်းမ၀တ် အင်္ကျီညှပ်နည်း သင်တန်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိန်းမ၀တ်အင်္ကျီညှပ်နည်းကို သင်တန်းနည်းပြ ဆရာမဒေါ်တင်မာ‌ဆွေက မြန်မာအင်္ကျီအခြေခံညှပ်နည်းအား ရှင်းလင်း ပြောကြား ရာတွင် ရင်အကျယ်၊ ပုခုံးအကျယ်၊ ခါးအကျယ်၊ ချိုင်းအကျယ်၊ လည်ပင်းအကျယ်၊ လက်အကျယ်တို့၏ ပြုလုပ်ပုံများကို ရှင်းလင်း ပြောကြားခဲ့ပြီး မိန်းမ၀တ် အင်္ကျီညှပ်နည်းအား သင်တန်းနည်းပြဆရာမမှ သင်တန်းသူများအား လက်တွေ့သင်ကြား ပို့ချပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ မိန်းမ၀တ်အင်္ကျီညှပ်နည်းသင်တန်းကို နည်းပြဆရာမ ဒေါ်တင်မာဆွေမှ သင်တန်းသူများအား ၂ရက်ကြာ သင်ကြားပို့ချ ပေးခဲ့ပြီး သင်တန်းသူ ၇  ဦး တက်ရောက်၍ လက်တွေ့ ညှပ်နည်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုမင်း ( ခရမ်း )