ဟိုပန်၌ (၁၇)ကြိမ်မြောက် "ဝ"ဘာသာစာပေတတ်မြောက်ရေး သင်တန်း ဖွင့်လှစ်

ဟိုပန် ဧပြီ ၂၆

"ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် အတွင်းရှိ  "ဝ" တိုင်းရင်းသားများအနေဖြင့် မိခင်ဘာသာ "ဝ"စာပေကိုချစ်မြတ်နိုးစေပြီး စာပေတတ်မြောက်စေရန်နှင့်  မိခင် ဘာသာစာပေဖွံ့ဖြိုးတိုးတက်စေရန်တို့ကို ရည်ရွယ်၍ (၁၇)ကြိမ်မြောက် "ဝ"ဘာသာ စာပေတတ်မြောက်ရေးသင်တန်းကို ယနေ့နံနက် ၉ နာရီက ကောင်းဟုန်းရပ်ကွက်ရှိ "ဝ"နှစ်ချင်းခရစ်ယာန်အသင်းတော်ကျောင်း၌ စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် "ဝ"တိုင်းရင်းသား ဆရာ၊ ဆရာမ(၆)ဉီးမှ "ဝ"ဘာသာစကား၊ "ဝ"စာပေများကို  တစ်လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ ဟိုပန် မြို့နယ်အတွင်းရှိ "ဝ"တိုင်းရင်းသား သင်တန်းသူ၊ သင်တန်းသား (၁၂၀) ဦးတို့မှ စိတ်ပါဝင်စားစွာ တက်ရောက်သင်ကြားလျက်ရှိကြောင်း ဟိုပန်၊ "ဝ" နှစ်ချင်းခရစ်ယာန်အသင်းတော်မှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)