ရွာငံမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  Phase -0 မှ Phase - 7 အထိ Complete dose ထိုးနှံထားသည့် (၆) လပြည့်ပြီးသူများအား Booster Dose  ထိုးနှံဆောင်ရွက်                

ရွာငံ ဧပြီ ၂၅

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  Phase-0 မှ Phase-7 အထိ Complete dose (နှစ်ကြိမ်ပြည့်) ဆေး ထိုးနှံထားသည့် (၆)လပြည့်ပြီး နိုင်ငံဝန်ထမ်းများ၊ အသက်(၄၀)နှစ်နှင့်အထက် ပြည်သူများအား Booster Dose  ထိုးနှံဆောင်ရွက်ကို ယနေ့ နံနက်ပိုင်းမှစ၍ ရွာငံဇုန်၊ ရေဦးဇုန်စသည့် ဇုန်(၅) နေရာဖြင့်   သတ်မှတ်စုရပ်များတွင် ထိုးနှံပေးလျက်ရှိသည်။ 

ကာကွယ်ဆေးထိုးနှံပေးရာတွင် ပထမအကြိမ်၊ ဒုတိယအကြိမ် ဆေးထိုးနှံထားသည့် လက်မှတ်နှင့်တကွ နိုင်ငံသားစိစစ်ရေးကတ်ပြားပါ တစ်ပါတည်းယူဆောင်လာရပြီး သက်ဆိုင်ရာတာဝန်ရှိသူ များက စာရင်းရေးသွင်းပေးခြင်း၊ ကိုယ်အပူချိန်တိုင်တာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေး​ခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများကို ဦးစွာဆောင်ရွက်ပေးကြသည်။ ပုံမှန်အခြေအနေရှိသူများကို အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်အေးအေးဝင်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covidshield / Covaxin)ကို ထိုးနှံပေးခဲ့ကြသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးမျိုးမင်း‌ဌေး နှင့် ဝန်ထမ်းများက ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန် / ဆက် (ရွာငံ)