ကော့မှူးတွင် ရွေ့လျားဈေးကားယာဉ်ဖြင့် အခြေခံစားသောက်ကုန်များဈေးနှုန်း ချိုသာစွာဖြင့် လာရောက် ရောင်းချပေး

ကော့မှူး  ဧပြီ ၂၅

ရန်ကုန်တိုင်းဒေသကြီးအစိုးအရ၏ လမ်းညွှန်မှုဖြင့်  မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏စီစဉ်မှုဖြင့် ပြည်သူများ အမှန်တကယ် လိုအပ်သော အခြေခံစားသောက်ကုန်များ ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီမှစတင်၍ ရန်ကုန်တောင်ပိုင်းခရိုင်  ကော့မှူး မြို့နယ်မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ဒေသခံပြည်သူများ အားဈေးနှုန်းသက်သာစွာဖြင့် လာ‌ရောက် ရောင်းချပေးနေကြောင်းသိရသည်။

ထို့သို့ရောင်းချပေးရာတွင် ဧည့်မထတစ်ပြည်လျှင်ငွေကျပ် ၁၀၀၀နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၅၀၀၀ဖြင့် ဆန်အိတ်(၇၅) အိတ်အားလည်းကောင်း၊ ပေါ်ဆန်း တစ်ပြည်လျှင် ငွေကျပ် ၁၇၀၀ နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၈၅၀၀ ဖြင့် ဆန်အိတ် (၇၅) အိတ် အားလည်းကောင်း ဆီငါးဆယ်သားတစ်ဘူးကို ငွေကျပ် ၂၇၀၀ကျပ်နှုန်းဖြင့် ဆီ(၃၅၀)ဘူးအား လည်း‌ကောင်း၊ ကြက်ဥတစ်ကဒ်လျှင် (၁၆၀၀) နှုန်းဖြင့် ကြက်ဥ(၅၀) ကဒ်တို့အား လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ရွေ့လျားဈေးကားယာဉ်ဖြင့် လာရောက်ရောင်းချပေးမှုအပေါ် ကော့မှူးမြို့နယ်နေ ပြည်သူတစ်ဦးဖြစ်သူ  ဒေါ်ရွှေမိက အခြေခံစားသောက်ကုန် ပစ္စည်းတွေကို ယခုလိုဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးတာဟာ မြို့နယ်အတွင်းရှိပြည်သူများအတွက် အရမ်းကို အဆင်ပြေမှု ရှိပါတယ်။ အပြင်ကဆိုင်တွေထက်လည်း ဈေးနှုန်းတွေကချိုသာတဲ့အပြင် ရောင်းချသော ပစ္စည်းတွေလည်း ကောင်းမွန်မှုရှိတယ် နောင်လည်းယခုလို အမြဲလာရောက် ရောင်းချပေးစေချင်ပါတယ်ယခုလိုလာ‌ ရောက်ရောင်းချပေးရန် စီစဉ်‌ပေးသူများကိုလည်း ကျေးဇူးတင်ပါတယ်ဟု ပြောကြား ခဲ့သည်။ 

ဈေးရောင်းချရာသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမိုးကျော်နှင့် ဝန်ထမ်းများ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဈေးဝယ်လာပြည်သူများ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဈေးဝယ်‌ယူနိုင်ရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကျော်သူရ