မိုင်းဖြတ် ဧပြီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် အကျုံးဝင်လျားထားဦးရေ ပြည့်မီစေရေးအတွက် ကျေးရွာအုပ်စုများသို့ Mobile Team ဖြင့် ကွင်းဆင်း၍ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ကွင်းဆင်ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများအတွင်း သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံခေါင်ဖျားသေများမှ ပြည်သူများအား Mobile Team ဖြင့် တစ်အိမ်တက်/ဆင်း ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း တာဝန်ရှိသူများထံက သိရသည်။
မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံရေးလုပ်ငန်းကို အကျုံးဝင်လူဦးရေ (၂၁၂၁၆)ဦး လျားထားခဲ့ပြီး ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ဧပြီလ(၂၅)ရက်နေ့အထိ ပထမအကြိမ် (၁၉၁၁၁)ဦး၊ ဒုတိယအကြိမ် (၁၄၈၁၇)ဦးရှိပြီး (၉၂.၂၁)ရာခိုင်နှုန်းရှိပြီး ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် အကျုံးဝင်သူများကို ကာကွယ်ဆေးထိုးနှံရေးအတွက် (Mobile Team)ဖြင့် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး