ပလောက်မြို့အခြေခံပညာကျောင်းများတွင်(၂၀၂၁-၂၀၂၂)ပညာသင်နှစ် ကျောင်းတွင်း စစ်စာမေးပွဲများအောင် စာရင်းထုတ်ပြန်ကြေညာ

ပလောက်  ဧပြီ ၂၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ (၂၀၂၁-၂၀၂၂) ၊ ပညာသင်နှစ်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသော အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းစစ် စာမေးပွဲများမှ အတန်းလိုက်စာမေးပွဲ အောင်စာရင်းများကို ယမန်နေ့ နံနက် ၆ နာရီအချိန်မှစ၍ သက်ဆိုင်ရာ ကျောင်းများအလိုက် အောင်စာရင်း ထုတ်ပြန်၍ ကျောင်း၏ကြောညာ သင်ပုန်းတွင် ကပ်ထားကြေညာပေးထားရာ ကျောင်းသားမိဘများ၊ ကျောင်းသူ/သားများ လာရောက်ကြည့်ရှု လျက်ရှိကြောင်း သိရသည်။

ထိုသို့ စာမေးပွဲအောင်စာရင်းများ ကြေညာရာတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ သင်ရိုးသစ် (KG) တန်းမှစ၍ (Grade-10)အတန်းအထိ (တက္ကသိုလ်ဝင်တန်းမပ)အား အတန်းလိုက်အောင် စာရင်းများကို ဧပြီလ (၂၄ ရက်နေ့မှ၂၆အထိ)(၃)ရက်ကြာ ကပ်ထားကြေညာပေးထားမည်ဖြစ်ပြီး ၂၀၂၂ခုနှစ်၊ မေလ(၂၅) ရက်နေ့မှစတင်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသူ/သား များကို ကျောင်းအပ်နှံမှုလက်ခံပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။

နှင်းမြူလွင်(ပလောက်)