ဒဂုံအရှေ့ ဧပြီ ၂၅
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အောင်စာရင်းများကို ယမန်နေ့နံနက် ၈ နာရီ အချိန်မှ စတင်ကာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် မြို့နယ်ပညာရေးမှူးရုံး၏ ကြီးကြပ်မှုဖြင့် ထုတ်ပြန်ကြေညာခဲ့ ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အထက်တန်းကျောင်း (၅) ကျောင်း၊ အလယ်တန်း ကျောင်း (၅) ကျောင်း၊ မူလတန်းလွန်ကျောင်း (၇) ကျောင်း၊ မူလတန်းကျောင်း(၁၄) ကျောင်း၊ အမကခွဲကျောင်း(၂)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း(၁၁) ကျောင်း၊ ကိုယ်ပိုင် အထက်တန်း ကျောင်း(၄)ကျောင်းတွင် စုစုပေါင်း (၄၈) ကျောင်းရှိရာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် စာမေးပွဲဝင်ရောက်ဖြေဆိုသူ KG၊ Grade-1၊ Grade-2၊ Grade-3၊ Grade-4၊ Grade-6၊ Grade-7၊ Grade-8(သင်ရိုးဟောင်း) ၊ Grade-9(သင်ရိုးဟောင်း)၊ Grade ( 10) အထိ ကျောင်းသား/ ကျောင်းသူ ပေါင်း( ၁၀၄၀၈) ဦး ရှိခဲ့ပြီး အောင်မြင်သူ (၁၀၄၀၈) ဦးရှိခဲ့သည့်အတွက် ၁၀၀ ရာခိုင်နှုန်း အောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူး ရုံး တာဝန်ရှိ သူများထံမှ သိရသည်။
ထိုသို့ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာ ကျောင်းများအလိုက် ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား / ကျောင်းသူများနှင့် မိဘပြည်သူ များက ယမန်နေ့နံနက်ပိုင်းအချိန်မှ စတင်ကာ လာရောက်ကြည့်ရှုလျက်ရှိပြီး အဆင်ပြေချောမွေ့စွာ ကြည့်ရှုနိုင်ရေးအတွက် ဆရာ/ ဆရာမ များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ဝင်းအိမွန်(ဒဂုံအရှေ့ပြန်/ဆက်)