ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအလိုက် အောင်စာရင်းများထုတ်ပြန်

ဗိုလ်တထောင် ဧပြီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့် အောင်စာရင်းများကို ယမန်နေ့နံနက် ၇ နာရီမှ စတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် မြို့နယ်ပညာရေးမှူးရုံး၏ ကြီးကြပ်မှုဖြင့် ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်တွင် အထက်တန်းကျောင်း (၆) ကျောင်း၊ အထက်တန်းခွဲ ကျောင်း(၁) ကျောင်း၊ အလယ်တန်းကျောင်း (၁) ကျောင်း၊  မူလတန်းကျောင်း(၅) ကျောင်း၊  စုစုပေါင်း(၁၃) ကျောင်းတွင်လည်း အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ များနှင့် ကျောင်းသား မိဘများ လာရောက်ကြည့်ရှုကြကြောင်း သတင်းရရှိသည်။

မေနှင်း