ဟိုပုံးမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်းထိုးနှံပေး

ဟိုပုံး ဧပြီ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းပပျောက်စေရန် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး ၆ လပြည့်သူများအား ယနေ့နံနက် ၉ နာရီမှစတင်၍ သီရိမင်္ဂလာရွှေချမ်းသာသာသနာ့ဗိမာန်တွင် ကာကွယ်ဆေးထပ်ဆောင်း ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ထိုးနှံပေးရာတွင် ဟိုပုံးမြို့နယ်နေ ကာကွယ်ဆေးထိုးပြည်သူများအား မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စေတနာဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီးကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးကြောင်း သိရသည်။

အဆိုပါ ထပ်ဆောင်းကာကွယ်ထိုးနှံခြင်းကို သီရိမင်္ဂလာရွှေချမ်းသာသာသနာ့ဗိမာန်တွင် ဧပြီလ ၂၃ ရက်နေ့မှစတင်၍ ထိုးနှံပေးလျက်ရှိရာ ဟိုပုံးမြို့နယ်အတွင်း ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)