ကလိန်အောင် ဧပြီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အတွင်းရှိ (၂၀၂၁-၂၀၂၂) ၊ ပညာသင် နှစ်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသော အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းစစ် စာမေးပွဲများမှ အတန်းလိုက် စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီအချိန်မှ စ၍ သက်ဆိုင်ရာ ကျောင်းများအလိုက် အောင်စာရင်းထုတ်ပြန်၍ ကျောင်း၏ ကြော်ငြာသင်ပုန်းတွင် ကပ်ထားကြေငြာပေးထားရာ ကျောင်းသားမိဘများ၊ ကျောင်းသူ/သား များ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ယင်းသို့ စာမေးပွဲအောင်စာရင်းများကြေငြာရာတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ သင်ရိုးသစ် (KG) တန်းမှစ၍ (Grade-10)အတန်းအထိ (တက္ကသိုလ်ဝင်တန်းမပါ)အား အတန်းလိုက် အောင်စာ ရင်းများကို ဧပြီလ (၂၄ ရက်နေ့မှ၂၆) အထိ(၃)ရက်အကြာ ကပ်ထားကြေငြာပေးထား မည်ဖြစ် ပြီး ၂၀၂၂ခုနှစ်၊ မေလ(၂၅) ရက်နေ့မှစတင်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသူ/သားများကို ကျောင်းအပ်နှံမှု လက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။
ခင်ခင်လဲ့(ပြန်/ဆက်)