ဥတ္တရသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်ကျောင်းတွင်းစစ်စာမေးပွဲများ အောင်စာရင်းထုတ်ပြန်ကြေညာ

ဥတ္တရသီရိ ဧပြီ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ (၂၀၂၁-၂၀၂၂)၊ ပညာသင်နှစ်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသော အခြေခံပညာကျောင်း (၄၈)ကျောင်းရှိ ကျောင်းတွင်းစစ်စာမေးပွဲများမှ အတန်းလိုက်စာမေးပွဲအောင်စာရင်းများကို ယနေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာကျောင်းများအလိုက် အောင်စာ ရင်း ထုတ်ပြန်၍ကျောင်း၏ ကြော်ငြာ သင်ပုန်း တွင် ကပ်ထားကြေညာထားရာ ကျောင်းသားမိဘများ၊ ကျောင်းသူ/သားများ လာရောက် ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ရာတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ သင်ရိုးသစ် (KG) တန်းမှစ၍ (Grade-10)အတန်းအထိ အတန်းလိုက်အောင်စာရင်းများကို ဧပြီလ (၂၄ ရက် နေ့မှ၂၆အထိ)(၃)ရက်အကြာ ကပ်ထားကြေညာပေးထားမည်ဖြစ်ဖြစ်ပြီး ၂၀၂၂ခုနှစ်၊ မေလ(၂၅)ရက်နေ့မှစတင်၍ ၂၀၂၂-၂၀၂၃ ပညာသင် နှစ်အတွက် ကျောင်းသား၊ ကျောင်းသူ များကို ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ကို(ပြန်/ဆက်)