မရမ်းကုန်း ဧပြီ ၂၁
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန် အနောက်ပိုင်းခရိုင်၊ မရမ်းကုန်း မြို့နယ် အမှတ် (၂) ရပ်ကွက်၊ပေါ်တော်မူဘုရားဝင်း၌ ယမန်နေ့နံနက် ၉:၃၀ နာရီအချိန်မှ စတင်ကာ ရဟန်းသံဃာတော်များ၊ အသက် ၁၈ နှစ်နှင့် အထက် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(second Dose) ဆက်လက်ထိုးနှံပေး လျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ စည်းကမ်းများ နှင့်အညီ စနစ်တကျ ဆေးထိုးနိုင်ရန်နေရာများ စီစဥ်ထားရှိခြင်းနှင့် ဆေးထိုးပြီးသူများ ခေတ္တနားနေရန် နေရာများ စီစဉ်ထားရှိခြင်းစသည့် လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့များနှင့် စေတနာ့ ဝန်ထမ်းများမှ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)