ဒေါ့ဖုန်းယန်မြို့၌ “လူငယ်နှင့်တန်ဖိုးထားမှု” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ဒေါ့ဖုန်းယန် ဧပြီ ၂၀

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်အဖွဲ့ (Youth Club)နှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)တို့ ပူးပေါင်း၍ “လူငယ်နှင့်တန်ဖိုး” (ကလောင်စုံ)စာအုပ်မှ စာရေးဆရာ လင်းသိုက်ညွန့် (မြန်မာ့မြေ) ရေးသားထားသည့် “လူငယ်နှင့်တန်ဖိုးထားမှု” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ခိုင်ခိုင်သွယ်(ရုပ်သံကျွမ်းကျင်-၃)က ပြည်သူများစာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတများ တိုးလာစေရန်၊ အသင်းအဖွဲ့များနှင့် စာပေချစ်မြတ်နိုးသူများ ရင်းနှီးမှုရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသော လူငယ်အဖွဲ့ (Youth Club)နှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)တို့က “လူငယ်နှင့်တန်ဖိုးထားမှု” ခေါင်းစဉ်ပါ အကြောင်းအရာများအား ၄င်းတို့၏ အတွေးအမြင်၊ အသိများကို အသီးသီး အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

သန်းနိုင်စိုး