တိုက်ကြီးမြို့နယ် Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club ဖြင့် စာဖတ်ဝိုင်း ကျင်းပ

တိုက်ကြီး  ဧပြီ  ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာပေ ချစ်မြတ်နိုးသူများအသင်း Book Club နှင့် ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင် (စိတ်ပညာရေးသားထားသော ‘’ လူငယ်နဲ့အခွင့်အလမ်း ‘’ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ညနေ နာရီက   ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ဉီးစီးအရာရှိ  ဒေါ်စန်းကလျာခိုင်က လူငယ်များ အသိပညာဗဟုသုတ တိုးပွားစေမည့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ဖတ်ရှုထားသည့် စာပေအသိများအား ပြန်လည်မျှဝေပေးနိုင်ရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးလူငယ်နဲ့အခွင့်အလမ်း”  စာအုပ် နိဒါန်းတွင် ပါဝင်သည့်  ယုံကြည်မှု၏ အရေးပါပုံ၊ စွမ်းအားကြီးမားပုံတို့ကို သာဓကများဖြင့် မိတ်ဆက်ဆွေးနွေးပေးပြီး တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များက လူငယ်နဲ့အခွင့်အလမ်း၊ အားတက်အောင် စကားလက်ဆောင်၊ လူ့တန်ဖိုး၊ အဆိုးနဲ့အကောင်း၊ ဘဝထဲက သင်ခန်းစာစသည့် အကြောင်းအချက်များကို ဖတ်ကြား၍ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာန မှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းများ အရည်အချင်းမြှင့်တင်ရေးအတွက် ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းများ၊ စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ထွန်းစေရန်၊ ပြန်လည်မျှဝေပေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စာဖတ်ပရိတ်သတ်များ၊ စာပေချစ်မြတ်နိုးသူများအသင်းနှင့်  စာဖတ်ဝိုင်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင်