လှိုင်သာယာအနောက်ပိုင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ဒေသနေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

လှိုင်သာယာအနောက်ပိုင်း ဧပြီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် မြောက်ပိုင်းခရိုင်၊ လှိုင်သာယာအနောက်ပိုင်း မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာ ကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန် ရည်ရွယ်၍ အသက်(၁၈)နှစ်နှင့်အထက် ဒေသနေပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် တစ်ကြိမ်တစ်ခါမျှ မထိုးရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လှိုင်သာယာအနောက်ပိုင်း မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ အောင်ရတနာဓမ္မာရုံတွင် တစ်ကြိမ် တစ်ခါမျှကာကွယ်ဆေး ထိုးနှံဆောင်ရွက်ခြင်း မရှိသေးသည့် ဒေသနေပြည်သူများတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လှိုင်သာယာအနောက်ပိုင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု တာဝန်ရှိသူများက ကာကွယ်ဆေးထိုးရန် လာရောက်သည့်ပြည်သူများအား စာရင်းရေးသွင်း ပေးခြင်း၊ မှတ်တမ်းကောက်ယူခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သွေးပေါင်ချိန်တိုင်းပေးခြင်း၊ အပူချိန်တိုင်းပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

သိန်းသိန်း (လှိုင်သာယာအနောက်ပိုင်း)