မရမ်းကုန်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးလောင်မီးလန့်မှု မရှိစေရေး အစိုးရရုံးဌာနများသို့ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်

မရမ်းကုန်း ဧပြီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ နွေရာသီကာလ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးလောင်၊ မီးလန့်မှုမရှိစေရေးအတွက် အစိုးရဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက  လိုက်လံစစ်ဆေးဆောင်ရွက် လျက်ရှိသည်။

ထိုသို့ လိုက်လံစစ်ဆေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မီးသတ်ဆေးဘူးများ၏ အရည်အသွေး၊ မီးဘေးအန္တရာယ် ကျရောက်လာပါက မီးသတ်ဆေးဘူး အသုံးပြုပုံ၊ မီးလောင်၊ မီးလန့်မှုမဖြစ်စေရေး လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မီးဘေးအန္တရာယ်ကျရောက်လာပါက ဆက်သွယ်ဆောင်ရွက်ရမည့် နည်းလမ်းများအား ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)