ငါန်းဇွန် ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ပညာရေးမှူးရုံး၌ ယနေ့နံနက် ၉နာရီမှစ၍ သင်ရိုးသစ် Grade-5 ဗဟိုနည်းပြ (TOT)Online သင်တန်းဖွင့်လှစ်ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူများအား မူလတန်းသင်ရိုးသစ် ဘာသာရပ် များသင်ကြားရာတွင် ပိုမိုထိရောက်အောင်မြင်စွာ သင်ကြားပို့ချရန်အတွက် သင်ရိုးသစ် Grade-5 ဗဟိုနည်းပြ (TOT)Online သင်တန်းဖွင့်လှစ်ရာ ငါန်းဇွန်မြို့နယ်အတွင်းရှိ မူလတန်းကျောင်းအုပ် ဆရာ ဆရာမ(၃၂)ဦး တက်ရောက်သင်ယူလျက်ရှိပြီး သင်တန်းကာလမှာ ဧပြီ ၂၀ရက်နေ့မှ ၂၅ ရက် နေ့အထိ ၆ရက်ကြာ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းပြီးသွားပါက အဆိုပါသင်တန်းသား မူလတန်းကျောင်းအုပ်ဆရာ ဆရာမများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်ရိုးသစ် Grade-5 သင်ကြားမည့် ဆရာ ဆရာမများအား ထပ်ဆင့်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)