ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူများအား ရာနှုန်းပြည့် ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆောင်ရွက်

ရန်ကုန် ဧပြီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အတွင်း၌ ကာကွယ်ဆေး ထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးတည်အုပ်စုများ အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံ ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီမှစတင်၍  ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံရသေးသည့်  ပြည်သူများအား သတ်မှတ်စုရပ်များတွင် ကျန်းမာရေးဝန် ထမ်းများက ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံနိုင်ရန် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးခြင်းကို ဧပြီ ၁၈ ရက်နေ့တွင် မြို့နယ်အတွင်းရှိ မင်္ဂလာအေးကျောင်းတိုက်နှင့် (၄၇ )ရပ်ကွက် ဓမ္မာရုံ ဆေးထိုးစုရပ်များတွင်  ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံသူ (၃၇၃) ဦး၊ တတိယအကြိမ် ထိုးနှံသူ (၁၃၄) ဦးတို့အား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သတင်းရသည်။

မြင့်မြင့်ရီ