ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ငါန်းဇွန်  ဧပြီ ၁၉

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အမအသုတ် ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အမအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးရာ ယမန်နေ့နံနက်၉နာရီမှစ၍ မြို့မဇုံမှ (၅၆၃)ဦး၊ မြို့သာဇုံမှ (၇၈၄)ဦး၊ ငါန်းမြာဇုံမှ (၄၇၂)ဦး၊ ခြင်္သေ့လက်ဇုံမှ (၈၅၄)ဦး၊ သားကျင်ဇုံမှ (၇၈၃)ဦး၊ ဂျိုဇုံမှ(၈၂၅)ဦး၊ သံဘိုဇုံမှ (၅၉၈)ဦး၊ ရေလည်သောင်ဇုံမှ (၅၈၃) ဦးနှင့် ကုလားရွာဇုံမှ (၄၆၆)ဦး၊ စုစုပေါင်း (၅၉၂၈)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ မတ် ၈ ရက်နေ့မှ ဧပြီ ၁၈ ရက်နေ့အထိ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ အမအသုတ် ဒုတိယအကြိမ် (၇၁၃၄)ဦး ထိုးနှံပြီးကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။        

သက်နောင်ဦး(ငါန်းဇွန်)