တနင်္သာရီမြို့နယ်အတွင်း မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ပွားပူဇော်၍ မြို့တွင်သို့ လှည့်လည်ရွတ်ဖတ်ပူဇော်ပွဲပြုလုပ်

တနင်္သာရီ  ဧပြီလ ၁၈

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ဘေးရန်အန္တရာယ်အပေါင်းမှ ကင်းဝေးစေရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူး၍ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ် တရားတော်ရွတ်ဖတ်ပူ ဇော်ပွဲအစီအစဉ်ကို နှစ်စဉ်အစဉ်အလာမပျက် ကျင်းပလေ့ရှိရာ ယနေ့ဧပြီလ ၁၇ ရက်နေ့ (၁၃၈၄ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့) နံနက်၈ နာရီအချိန်က မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ပြုလုပ်ရာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ မြို့ဦးပရိယတ္တိစာသင်တိုက် ဦးစီးပဓာန ဆရာ တော်ဘဒ္ဒန္တဇောတိကနှင့်သံဃာတော်()ပါး ကြွရောက်ချီးမြှင့်တော်မူပြီး မြို့နယ်စီမံအုပ်

ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌ ဆရာတော်ဘဒ္ဒန္တဇောတိကက လူပရိတ်သတ် အပေါင်းအား ငါးပါးသီလချီးမြှင့်ပေး၍ ဆရာတော်နှင့် သံဃာတော်အရှင်သူမြတ် () ပါးတို့မှ အန္တရာယ်ကင်း ပရိတ်တရားတော်များကို ပထမအကြိမ် ရွတ်ပွားပူဇော်ပေးတော်မူသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးဦးအေးနိုင်၊ ဌာနဆိုင်ရာဦးစီးမှူးများက ဆရာတော်၊ သံဃာ တော်အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ အလှူအစုစုအတွက်ရေ စက်သွန်းချအမျှပေးဝေ သာဓုခေါ်ဆိုကြပြီး ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ် ဘုရားကန်တော့ခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် သံဃာတော် အရှင်သူမြတ် အပေါင်းက အန္တရာယ်ကင်းပရိတ်တရားတော်များကို မြို့နယ်မီးသတ်ဦးစီးဌာန ရေသယ်ယာဉ်နှင့် အခြားမော်တော်ယာဉ်များဖြင့် ချောင်းငယ်ရပ်ကွက်ဈေးလမ်းမှစ၍ မြသီတာရပ် ဗိုလ်ချုပ်မြင်းစီးရုပ်တုမှတစ်ဆင့် ပြည်ထောင်စုလမ်းမကြီးအတိုင်း ချောင်းကြီးရပ်ကွက် ကမ်းနားလမ်း ကျန်းမာရေးလမ်းအတိုင်း လှည့်လည်ရွတ်ပွား ပူဇော်ပေးတော်မူကြပြီး ပရိတ်ရေများကိုလည်း ၎င်းလမ်းများတစ်လျှောက် ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

အလားတူ ရပ်ကွက်အတွင်းရှိ ဒေသခံများစုပေါင်း၍ ဆရာတော်/သံဃာတော်များကို ပင့်ဖိတ်ကာ သီလဆောက်တည်ခြင်း၊ အန္တရာယ်ကင်းပရိတ်တရားများ ရွတ်ပွားပူဇော်ခြင်းနှင့် ကမ္မဝါစာရွတ်ဆိုပူဇော်ခြင်း စသည့်ကောင်းမှုကိုသိုလ်များကို လမ်းဆုံလမ်းခွများတွင် ပြုလုပ်လျက်ရှိကြသည်။

နန်းသာရီ-ထိန်ဝင်း (ပြန်ဆက်)