မိုင်းရယ် ဧပြီ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ၁၃၈၄ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နှစ်စဉ်ပြုလုပ်လျက်ရှိသည့် အသက်(၇၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းကို ယမန်နေ့နံက်(၈)နာရီမှ စတင်၍ အိမ်တိုင်ယာရောက် အလှူငွေများ၊ ကန်တော့ပစ္စည်းများဖြင့် လိုက်လံကန်တော့ပါသည်။
မိုင်းရယ်မြို့နယ် မြို့ပေါ်ရပ်ကွက်များရှိ ရပ်ကွက်(၃)ရပ်ကွက်အတွင်း အသက်(၇၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၁၄)ဦးအား ဌာနဆိုင်ရာများနှင့် အလှူရှင်များက တစ်ဦးလျှင် ကျပ် (၂၇၀၀၀)နှုန်းနှင့် ကန်တော့ပစ္စည်းများနှင့်အတူ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက လိုက်လံကန်တော့ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)