မိုင်ဖြတ်မြို့နယ်၌ မြန်မာနှစ်ဆန်းတစ်ရက်​နေ့တွင် ဆွမ်းဆန်စိမ်း​လောင်းလှူပွဲနှင့် ဘုန်းကြီး​ကျောင်းများ၌ ဥပုသ်​သီလ​စောက်တည်ခြင်းဖြင့် အထူးစည်ကားလျက်ရှိ

မိုင်းဖြတ် ဧပြီ ၁၈

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း​လောင်းလှူပွဲကို  မြန်မာသက္ကရာဇ် (၁၃၈၄)ခုနှစ်၊ နှစ်ဆန်းတစ်ရက်​နေ့၊ ယမန်နေ့ နံနက် ၈ နာရီက ပြည်​ထောင်စုလမ်းမကြီး​ပေါ်တွင် ဆည်ကားသိုက်မြိုက်စွာ ကုသိုလ်ပြုခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အတွင်းရှိ ပင့်သံဃာ​တော် (၄၁၅)ပါတို့က ဝမ်မိုင်ရပ်ကွက်အနီး ပြည်​ထောင်စုလမ်းမကြီးမှ စတင်၍ ကြွ​ရောက်​တော်မူရာ  စစ်ဆင်​ရေးကွပ်ကဲ​ရေးမှူး ဗိုလ်မှူးချုပ်​အေးမင်းဦးနှင့်ဇနီး၊ မိုင်းဖြတ်တပ်နယ်မှ မိသားစုဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီ​အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ​စေတနာရှင် အလှူရှင်များက ဆွမ်းဆန်စိမ်းများ၊ ဝတ္ထု​ငွေများ၊ ​ဆေးများအစရှိ​သော လှူဖွယ်ပစ္စည်းများကို ကုသိုလ်ပြု​ စု​ပေါင်း လောင်းလှူခဲ့ကြသည်။

ထို့အတူ ယ​​နေ့သည် မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်​နေ့ ဖြစ်သည်အ​လျှောက် နှစ်​ဟောင်းကုန်ဆုံးပြီး နှစ်သစ်သို့​ရောက်ရှိပြီဖြစ်​သောကြောင့် ဗုဒ္ဓဘာသာဝင်များက ​ဘုန်းကြီး​ကျောင်းများ၊ ​စေတီပုထိုးများ၌ ငါးပါးသီလခံယူ​ဆောက်တည်ခြင်း၊ ဥပုသ်​​စောင့်ခြင်း၊ ပုတီးဆိပ်ခြင်း၊ ဘုရား​ရေသပ္ပါယ်ခြင်း၊ ဌက်များလွှတ်ခြင်း၊ နိဗ္ဗာန်​ရောက်​ကြောင်း အ​ထောက်အပံ့များကို ကုသိုလ်ပြုခြင်းဖြင့် စည်ကားလျက်ရှိ​ကြောင်း သိရသည်။

​သန်းထွန်း​အေး