ကျောက်ဆည်မြို့နယ်တွင်ဒုလ္လဘရဟန်း၊သံဃာတော်များနှင့်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ကျောက်ဆည် ဧပြီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဧပြီ(၁၇)ရက်၊နှစ်သစ်ကူးနှစ်ဆန်း(၁)ရက်နေ့ နံနက်(၉)နာရီအချိန်က မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများပူးပေါင်းပြီး အသက်(၁၂) အထက် ဒုလ္လဘရဟန်း၊ သံဃာတော်များနှင့်ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးများထိုးနှံရာတွင် မင်းရပ်၊ရပ်ကွက် ဧရာဝတီစာသင်တိုက်၊ ဖောင်ရွာရပ်ကွက် အတုလ ဝတီစာသင်တိုက်နှင့် ကုန်းမြင့်သာစာသင်တိုက်၊ ဈေးတန်းဘင်စုရပ်ကွက် ရေဦးစာသင်တိုက်၊ ရဲစုရပ်ကွက် ဓမ္မဝိဟာရစာသင်တိုက်၊ တံတားလည်ရပ်ကွက် တောရကျောင်းနှင့် ဆူးကုန်းရပ်ကွက် မဟာဝိ သုဓ္ဓာရာမ ကျောင်းများမှ အသက်(၁၂)အထက် အမျိုးသား(၁၄)ဦး၊ အမျိုးသမီး(၁၁)ဦး၊ သီလရှင် (၁၁)ပါး၊ ကိုရင်(၅၈)ပါးနှင့် အသက်(၁၈)နှစ်အထက် အမျိုးသား(၆)ဦး၊ သီလရှင်(၆)ပါး၊ သံဃာ(၂၁)ပါး စုစုပေါင်း ပြည်သူ(၃၁)ဦနှင့် သီလရှင်/ကိုရင်/သံဃာ(၉၆)ပါးအား ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးများထိုးနှံရာတွင်  မြို့နယ်စီမံအုပ်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့်အဖွဲ့ဝင်များက လိုအပ်မှုများဖြည့်ဆည်းပေးနိုင်ရေး လိုက်ပါကြည့်ရှုအားပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံသူများအား ငှက်ပျောသီး များ၊ အချိုရည်ဗူးများ ဆပ်ကပ်လှူဒါန်းဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

သက်မောင်