ဆရာတော်အရှင်သူမြတ်များထံမှ ရမည်းသင်းခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစု ပရိတ်တရားတော်နာယူပွဲ အခမ်းအနားကျင်းပ

ရမည်းသင်း    ဧပြီ  ၁၈

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆရာတော်အရှင်သူမြတ်များထံမှ ရမည်းသင်းခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မိသားစု ပရိတ်တရားတော်နာယူပွဲအခမ်းအနားကို ယနေ့  ၄ နာရီက ပြုလုပ်ကျင်းပခ ကြောင်း သိရသည်။

ရှေးဦးစွာ ရန်အောင်မင်းကျောင်းပရိယတ္တိစာသင်တိုက် စာသင်စာချဆရာတော်ဦးသီတော မနိထံမှ ဧည့်ပရိသတ်များမှ သီလခံယူဆောက်တည်ပြီး ဆရာတော် သံဃာတော်များမှ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ပေးပြီးတာဝန်ရှိသူများက လှူဖွယ်ဝတ္ထု များဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ တက်ရောက်ကြသည်။

ဆက်လက်၍ ဆရာတော်အရှင်သူမြတ်များက မြို့ပေါ်ရပ်ကွက် များအတွင်းမော်တော် ယာဥ များဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ဝင်းအောင် (ခရိုင် ပြန်/ဆက်)