ကလိန်အောင်မြို့၌ (ပထမ)ကြိမ် သံဃာတော်ရှင်သူမြတ်အပါး(၅ဝ)မှ ဆွမ်းဆန်စိမ်းလောင်းလှူ လှည့်လည်အပူဇော်ခံခြင်း

ကလိန်အောင် ဧပြီ ၁၈

တနင်္သာတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်းရှိ သဒ္ဓမ္မံရံသီအောင်တော်မူဝတ်ပြု ကျောင်းဆရာတော် ဦးသုစိတ္တမှကြီးမှူး၍ သံဃာတော်အရှင်သူမြတ်အပါး(၅ဝ)မှ ဆွမ်းဆန်စိမ်းလောင်း လှူလှည့်လည်အပူဇော်ခံခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အပူဇော်ခံလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူလှည့်လည် အပူဇော်ခံခြင်းကို ကလိန်အောင်မြို့ သဒ္ဓမ္မံရံသီ အောင်တော်မူဝတ်ပြုကျောင်းဆရာတော်၏ ဦးစီးပဓာနဖြင့်ဂေါပကအဖွဲ့များမှ ဦးဆောင်၍ ကလိန်အောင်မြို့အတွင်းရှိ ရပ်ကွက်များအထိ လှည့်လည်အပူဇော်ခံခဲ့ရာ လမ်တစ်လျှောက်တွင် မြို့ပေါ် ရပ်ကွက်နေ ပြည်သူများက လှူဖွယ်ဝတ္ထုငွေနှင့် ပစ္စည်းများလောင်းလှူခဲ့ကြကြောင်း သိရသည်။

ခင်ခင်လဲ့(ပြန်/ဆက်)