မြန်မာ့နှစ်ဆန်း(၁)ရက်နေ့ညတွင် ကော့သောင်းမြို့ရှိ ပြည်တော်အေးစေတီတော်၌ အေးချမ်းစွာ ဘုရားဖူးလာရောက်ကြသူများနှင့်စည်ကား

ကော့သောင်း ဧပြီ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ မြို့ကျက်သရေဆောင် ပြည်တော်အေးစေတီတော်တွင် မြန်မာ့နှစ်ဆန်း(၁)ရက်နေ့ညတွင် ဘုရားဖူးလာရောက်ကြသည့် ပြည်သူများအေးချမ်းစွာ ဘုရားဖူး ကုသိုလ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း တွေ့ရသည်။

ကော့သောင်းမြို့၏ အထင်ကရ ဘုရားတစ်ဆူ ဖြစ်သည့် ပြည်တော်အေးစေတီတော်အား တပေါင်းလပြည့်နေ့က စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လုံးတော်ပြည်ရွှေသင်္ကန်းကပ်လှူပူ ဇော်ပွဲ အားစည်းကားသိုက်မြိုက်စွာကျင်းပခဲ့ကြပြီ မြန်မာ့နှစ်ဆန်း(၁)ရက်နေ့ညပိုင်း၌ စေတီတော်ပရဝုဒ် ရင်ပြင်တော်အနှံ့ မြိုနယ်အတွင်းရှိ ပြည်သူများ၊ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာ ပြည်သူများမှ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး၊ နံသာတိုင်များ ထွန်းညှိပူဇော်ခြင်း ဘုရားဝတ်ပြု ဆုတောင်းသူများ၊ စားစရာမုန့်ပဲသရေစာ၊ ကလေးကစားစရာ၊ အဝတ်အထည်များ စသဖြင့် ဘုရားပွဲဈေးရောင်းဈေးဝယ်များဖြင့် စည်းကားလျက်ရှိပြီး ဘုရားဂေါပကအဖွဲ့များက စေတီ တော်ရင်ပြင်အတွင်းသို့ ဝင်ရောက်ဘုရားဖူးလာပြည်သူများအား ပါးစပ်နှာခေါင်းစည်းများ ဝေငှပေးအပ်ကာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဖူးမျှော် ကြည်ညိုနိုင်ရေး နှိုးဆော်အသိပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)