ဘားအံမြို့၌ မြန်မာနှစ်ဆန်း(၁)ရက်နေ့ သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် နိုင်ငံပိုင် တက်နေဝင်း အဆင့်မြင့်ရုပ်ရှင်ရုံဖွင့်ပွဲ အခမ်း အနားကျင်းပ

ဘားအံ ဧပြီ ၁၈

မြန်မာတိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို အစဉ်အလာမပျက် ထိန်းသိမ်း စောင့်ရှောက်သောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း () ရက်နေ့ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ဧပြီလ ၁၇ ရက်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘားအံမြို့ ပေါ်ရပ်ကွက်များမှ တိုင်းရင်း သား ပြည်သူများက သက်ကြီးအဘိုးအဘွားများအား ဦးသုံးကြိမ်ချ၍ ကန်တော့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင် အကြီးအကဲများက အခမ်းအနားသို့ တက်ရောက်လာသော သက်ကြီးအဘိုး၊ အဘွားများအား လှူဖွယ်ပစ္စည်းနှင့် ပူဇော် ကန်တော့ငွေများ ပေးအပ်လှူဒါန်းကြပြီး အဘိုး၊အဘွားများ ကိုယ်စား အဘိုး()ဦးက ဆုံးမဩဝါဒ စကားပြောကြားကာ ဗုဒ္ဓသာသနံစိရတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းသည်။

ယနေ့အခမ်းအနားတွင် ဘားအံမြို့ပေါ် () ရပ်ကွက်ရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီး အဘိုးအဘွား (၅၄) ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်နိုင်ခြင်းမရှိသော အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွား ၂၇၇ ဦး စုစုပေါင်းအဘိုးအဘွား ၃၃၁ ဦးတို့အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တစ်ဦးလျှင်ငွေကျပ် ၅၀၀၀၀ (ငါးသောင်း)စီဖြင့် စုစုပေါင်းပူဇော်ကန် တော့ငွေကျပ် ၁၆၅၅၀၀၀၀ (တစ်ရာခြောက်ဆယ်ငါးသိန်းငါးသောင်း) ကို လည်းကောင်း၊ လူမှုဝန် ထမ်းဦးစီးဌာနမှ အဘိုး၊အဘွားများအတွက် လုံချည်၊ အင်္ကျီနှင့် ဆပ်ပြာများကိုလည်းကောင်း၊  ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆောင်၊ မျက်နှာသုတ်ပုဝါနှင့် ရေခွက်တစ်လုံးစီကို လည်းကောင်း၊ ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ငွေကျပ် ၁၅၀၀၀၀ (တစ်သိန်းခွဲ) တန်ဖိုးရှိ တိုင်းရင်းဆေးဝါးများကို လည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ အဘိုး၊အဘွား တစ်ဦးလျှင် ၅၀၀၀ ကျပ်စီ ကိုလည်းကောင်း အသီးသီးစုပေါင်းလှူဒါန်းခဲ့ကြပြီး အခမ်းအနားအပြီးတွင် ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ အထူးကုဆရာဝန်ကြီးများနှင့်အဖွဲ့၊ ကုတင်(၅၀)ဆံ့ ဘားအံတိုင်းရင်းဆေးရုံမှ ဆရာဝန်နှင့်သူနာပြုအဖွဲ့များက အဘိုး၊အဘွားများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ  ဆောင်ရွက်ပေးခဲ့ကြသည်။

ယင်းနောက် မြန်မာနှစ်ဆန်း () ရက်နေ့ ကရင်ပြည်နယ်ဇီဝိတဒါနငါးလွှတ်ပွဲကို ဘားအံမြို့၊ ဇွဲကပင်ခန်းမရှေ့ ကန်သာယာရေပြင် Decking ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သက်ကြီးအဘိုးအဘွားများက နှစ်လက်မအောက်ခံ အရွယ်ရှိ ငါးခုံးမကြီးကောင်ရေ တစ်သိန်းကို ကန်သာယာအတွင်းသို့  ဇီဝိတဒါန  ငါးလွှတ်ပေးခဲ့ ကြသည်။

ဆက်လက်၍ ဘားအံမြို့၊ နိုင်ငံပိုင်တက်နေဝင်းအဆင့်မြင့် ရုပ်ရှင်ရုံဖွင့်ပွဲကို မြန်မာနှစ်ဆန်း () ရက်နေ့ နံနက် ၁၀ နာရီခန့်က  အဆိုပါရှပ်ရှင်ရုံရှေ့၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ရုပ်ရှင်ရုံများကို ရှပ်ရှင်ပြသခြင်းအား ခေတ္တရပ်ဆိုင်ထားခဲ့ရပြီး ယခုအခါ ရောဂါကူးစက်ဖြစ်ပွားမှု နှုန်းလျော့နည်းကျ ဆင်းလာကြောင်း တွေ့ရှိရသဖြင့် လိုက်နာဆောင်ရွက်ရမည့်စံပြုသတ်မှတ် ချက်များနှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်ထားသည့် ရုပ်ရှင်ရုံများကို ပြန်လည်ဖွင့်လှစ်ပြသစေခြင်းဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရှိ ရုပ်ရှင်ရုံများအားလုံး ပြန်လည်ပြသနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကာ နိုင်ငံပိုင် တက်နေဝင်း ရုပ်ရှင်ရုံကို ဖွင့်လှစ်ပေးပြီးနောက် ကျန်ရှိသည့် ဦးဆောက်ပန်းရုပ်ရှင်ရုံ၊ မြဝတီမြို့ရှိ ရွှေစင်ခြူးနှင့် သွန်းရွှေစင်ရုပ်ရှင်ရုံများကို ပြန်လည်ဖွင့်လှစ်ပြသနိုင်ရေး ဆောင်ရွက် သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက နိုင်ငံပိုင်တက်နေဝင်းရုပ်ရှင်ရုံသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်က ရုပ်ရှင်ရုံဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ ဘင်ခရာပန်းဖွားအက အဖွဲ့အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရုပ်ရှင်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ နိုင်ငံပိုင် တက်နေဝင်း အဆင့်မြင့်ရုပ်ရှင်ရုံဖွင့်ပွဲ အထိမ်းအမှတ်အနေဖြင့် အကယ်ဒမီလူမင်း၊ နေမင်း၊ ရွှေမုံရတီတို့ပါဝင် သရုပ်ဆောင်ထားသော ဝေးမနေချင်ဘူး ရုပ်ရှင်ဇာတ်ကား အား ကြည့်ရှုအားပေး ခဲ့ကြသည်။

အလားတူ မဟာသင်္ကြန်အတက်နေ့ ညပိုင်းတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားပြည်သူများသည် ဘားအံမြို့၊ သီရီကွင်း၊ ဗဟိုမဏ္ဍပ်၌ မဟာသင်္ကြန် ယိမ်းအကပြိုင်ပွဲနှင့် တပင်တိုင်အကပြိုင်ပွဲ ဆန်ကာတင်ဆုရွေးချယ်ပွဲကို ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းနှင့် မြန်မာ နှစ်ဆန်းတစ်ရက်နေ့ ယနေ့ညတွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)