မိုင်းဆတ်မြို့ အကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား(၁၀)ဦး ပြစ်ဒဏ်မှ လွတ်မြောက်

မိုင်းဆတ် ဧပြီ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ အကျဉ်းထောင်၌  ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား (၁၀)ဦးအား ယနေ့ နံနက် (၉)နာရီခွဲက ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့် အကျဉ်းသားများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က အားပေးစကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အရ မိုင်းဆတ်အကျဉ်းထောင်မှ အကျဉ်းသား(၁၀)ဦး ၎င်းတို့ကျခံနေရသော ပြစ်ဒဏ်အား လျှော့ပေါ့ခံစားခွင့်ရရှိကြပြီး ပြစ်ဒဏ်မှလွတ်ငြိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)