ဝမ်းတွင်းမြို့နယ်တွင် ၁၃၈၃ ခုနှစ် မဟာသင်္ကြန်ပွဲတော် အကျနေ့အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲ

ဝမ်းတွင်း ဧပြီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ၁၃၈၃-ခုနှစ် မဟာသင်္ကြန်ပွဲတော် အကျနေ့တွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာဖြင့် သင်္ကြန်ပွဲတော်ကို ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

 (၁၂)လရာသီပွဲတော်များအနက် မြန်မာတို့ရဲ့ဂုဏ်ယူဖွယ်ရာ၊ အားထားဖွယ်ရာ၊ ယဉ်ကျေးမှုနှင့် ဆက်နွယ်နေသောပွဲတစ်ပွဲဖြစ်သည့် တန်ခူးလတွင်ကျင်းပသော သင်္ကြန်ပွဲတော်ဖြစ်သည့်နှင့်အညီ ပါဋိစကားအရ "တန်" ဆိုတာ "ထန်" ၊ “ခူး”ဆိုတာ “ခူးဆွတ်ခြင်း” အဓိပ္ပာယ်ရသောကြောင့် တန်ခူးလတွင် ထန်းသီးတွေခူးဆွတ်သောလဟု အဓိပ္ပာယ်ရပါတယ်၊ မြန်မာတို့ရဲ့ နှစ်ဟောင်းကနေနှစ်သစ်ကိုကူး ပြောင်းသောပွဲတော်ဖြစ်တာကြောင့် နှစ်သစ်ကူးပွဲတော်လို့ဆိုကြပါတယ်၊ အတာကူးတဲ့တန်ခူးလ သင်္ကြန်ပွဲတော်တွင် လူကြီးလူမရွေးပါဝင်ဆင်နွဲခဲ့တာဖြင့် အလွန်ပင်ကြည်နူးစရာ ကောင်းလှပါတယ်၊ မဟာသင်္ကြန်ပွဲတော်တွင်ရေကစားမဏ္ဍပ်များ၊ ရေပတ်ခံထွက်သူများ၊ ရေကစကားသူများနှင့် ကုသိုလ် ပြုသူများနှင့်စတုဒိသာ ကျွေးမွေးသူများဖြင့် အလွန်ပင်စည်ကားပြီး ယဉ်ကျေးသောပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်၊ ယခုလိုသင်္ကြန်ပွဲတော်ကို ရှေးဘုရင်များလက်ထက် ပုဂံခေတ်ကစတင်ခဲ့ပြီး ပုဂံခေတ် သင်္ကြန်ကာလတွင်ဘုရင်၊ မိဖုရား၊ မူးကြီးမတ်ရာ၊ မောင်းမပါမကျန်၊ မင်းမှုထမ်းတွေဟာ ဧရာဝတီမြစ်ဆိပ်ထိဆင်း၍ သင်္ကြန်ပွဲတော်ကြီးကို ဆင်နွှဲခဲ့ကြတာဖြစ်ပြီး ရှေးဘုရင်များလက်ထက်က စတင်ကျင်းပခဲ့သော မဟာသင်္ကြန်ပွဲတော်ကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ခဲ့ရာ ယခု ခေတ်တိုင်ဖြစ်ပါတယ်၊ ရွှေမြန်တာတို့ရဲ့ ယဉ်ကျေးမှုးရိုးရာပွဲတော်တစ်ခုဖြစ်သည့် ဝမ်းတွင်းမြို့ရှိ မဟာသင်္ကြန်ပွဲတော်တွင် ဥပုသ်သီလယူသူတွေ၊ စတုဒိသာကျွေးမွေးသူတွေ၊ ပျော်ရွှင်စရာအခမ်းအနားတွေနဲ့ ရေကစားမဏ္ဍပ်များ၊ ရေကစားသူများနှင့် ရေပက်ခံထွက်သူများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိကြောင်းသိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)