လောင်းလုံးမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကျင်းပ

လောင်းလုံး ဧပြီ ၁၄

တနင်္သာရီတိုင်းဒေသကြီး  ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင်  မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲကို ယမန်နေ့ညနေ(၄)နာရီခွဲက လောင်းလုံး မြို့နယ် ၊ (ခ)ရပ်ကွက် ၊ အောင်ဆန်းလမ်းမရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့သည်။

အဆိုပါဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဗဟိုမဏ္ဍပ်အား ဖဲကြိုး ဖြတ်ဖွင့် လှစ်ပေးကြပြီး တက်ရောက်လာကြသည့် ယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခို သီချင်းဖြင့် ကပြဖျော်ဖြေ ခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား သပြေခက်ဖြင့် နှစ်သက်ကူးအတာရေစင်များ ပက်ဖြန်းပေးကြပြီး စတုဒိသာကျွေးမွေးခြင်းတို့ဖြင့် ပျော်ရွှင်စွာ ရေးကစားခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဗဟိုမဏ္ဍပ်တွင် ယနေ့သင်္ကြန်အကြိုနေ့မှ သင်္ကြန်အတက်နေ့အထိ နေ့စဉ်ဖျော်ဖြေရေး အစီအစဉ်များ၊ စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လောင်းလုံး(ပြန်/ဆက်)