ဗန်းမောက်မြို့၌ သင်္ကြန်အကြိုနေ့ မြန်မာ့ရိုးရာအတာသင်္ကြန် ဗဟိုလ်မဏ္ဍပ်ဖွင့်ပွဲကျင်းပ

ဗန်းမောက် ဧပြီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ နာရီ ၃၀ အချိန်က မြို့မကျောက်တိုင်ကွင်းအတွင်းရှိ မဟာသင်္ကြန်ဗဟိုလ်မဏ္ဍပ်၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဌေးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြန်မာ့ရိုးရာအတာသင်္ကြန် ရေကစားမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ မြို့မရပ်ကွက် ဖျော်ဖြေရေးအဖွဲ့က မြနန္ဒာသီချင်း ဖြင့် သီဆို၍ ယိမ်းအကများဖြင့် ဖျော်ဖြေခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အတွင်းမှ ယိမ်းအကမယ်များအား အမွှေးနံ့သာ ရေများဖြင့် လိုက်လံပက်ဖျန်းခဲ့ကြကြောင်း သိရှိရသည်။

မေသူဟန်(ဗန်းမောက်)