ဒဂုံမြို့သစ်(မြောက်ပိုင်း)  မြို့နယ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစားမဏ္ဍပ် ဖွင့်လှစ်

ရန်ကုန် ဧပြီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ၁၃၈၃ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစားမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ညနေ ၃ နာရီတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၃၇)ရပ်ကွက်၊ ပင်လုံလမ်းရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့ရှိ ရေကစားမဏ္ဍပ်၌ ကျင်းပသည်။

အဆိုပါဖွင့်ပွဲတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မြန်မာ့ရိုးရာမဟာသင်္ကြန် ရေကစားမဏ္ဍပ် အား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးညီညီ‌အောင်၊ အဖွဲ့ဝင်(၂)ဦးမြင့်ဇော်၊ မြို့နယ်စည်ပင် သာယာ အုပ်ချုပ်ရေးမှူး ဉီးတင်ကိုကိုနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ဧည့်သည်တော်များအား မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ သပြေခက်ဖြင့် ရေပက် ဖြန်းပေးကြသည်။ ထို့နောက် မြနန္ဒာ သီချင်းသီဆို၍ ရေကစားမဏ္ဍပ်အား ဖွင့်လှစ်ပေးခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၏ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ပျော်ရွှင်စွာရေကစားခြင်း၊ စတုဒီသာကျွေးမွေးခြင်းများဖြင့် စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ